၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၌ပညာသင်ယူရန်ကျောင်းဝင်ခွင့်ရပြီးသော MTh နှင့် MDiv ကျောင်းသူကျောင်းသားများသည် မေလ ၂ ရက်၊ ၂၀၂၂ ခုနှစ် (တနင်္လာနေ့) နံနက် ၉း၀၀ နာရီ မှစတင်၍ နွေရာသီသင်တန်း (Summer School) ကို Zoom ဖြင့်တက်ရောက်ရမည်ဖြစ်ပါသည်။
(က) Summer School ကို မေလ ၂ ရက် ၂၀၂၂ ခုနှစ်မှ မေလ ၂၇ ရက် ၂၀၂၂ ခုနှစ်အတွင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
(ခ) Summer School တွင် English, Academic Writing and Theological Research Skills, Library Use courses များကိုသင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ ဤ Summer School တွင် ကျောင်းသူ ကျောင်းသားအသစ်များအနေဖြင့် Hebrew, Greek, Essential IT Skills, နှင့် Gender Studies ဘာသာရပ်များကိုတက်ရောက်ခွင့်မရှိသေးပါ။
(ဂ) ကျောင်းဝင်ခွင့်ရပြီးဖြစ်သော MTh နှင့် MDiv ကျောင်းသူ ကျောင်းသားအသစ်များအားလုံး Summer School မတက်မနေရဖြစ်ပါသည်။ Summer School တက်ရောက်ထားခြင်းမရှိသော ကျောင်းသူ/ကျောင်းသားအသစ်များ ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပုံမှန်အတန်းတွင် လက်ခံမည် မဟုတ်ပါ။
(ဃ) ကျောင်းဝင်ခွင့်ရပြီးဖြစ်သော MTh နှင့် MDiv ကျောင်းသူ ကျောင်းသားအသစ်များအားလုံးထံ Registration Form for the MIT Summer School (2022-2023) ကို email ဖြင့်ပို့ပေးပြီးဖြစ်ပါသည်။ အမြန်ဆုံးမှတ်ပုံတင်ကြပါရန်နှိုးဆော်အပ်ပါသည်။ Email address ပြောင်းသွားပါက mit.admission.theology@gmail.com သို့ အမြန်ဆုံးအကြောင်းကြားပေးပါရန်သတိပေးနှိုးဆော်အပ်ပါသည်။
(င) ကျောင်းဝင်ခွင့်ရပြီးဖြစ်သော MACS ကျောင်းသူ/ကျောင်းသားအသစ်များအားလုံး Summer School တက်ရောက်ရန်မလိုပါ။
(စ) မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို မေလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ် တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ခရစ်တော်၏အမှုတော်မြတ်၌၊
Rev. La Rip Marip, PhD
Associate Professor and Dean of Students
Myanmar Institute of Theology